iPhone , iPad Reset Settings အကြောင်း
Reset ပါ ။
Restart မဟုတ်ပါ ။
iPhone ၊ iPad တွေရဲ့ Setting >> General အထဲမှာ မြှုပ်နှံထားတဲ့ Reset Option ကို ပြောတာ ဖြစ်ပါတယ် ။
မည်သည့်အချိန် ၊ မည်သည့်အခါတွင် ကျနော်တို့ရဲ့ iPhone ၊ iPad တွေကို Reset လုပ်ဖို့ လိုအပ်သလဲ ? ။
ဘယ်အချိန်မှာ Reset လုပ်ရမလဲ ၊ Reset ဘယ်နှစ်မျိုး ရှိကြောင်းကို ကျနော်တို့ ကြည့်ကြရအောင်ဗျာ ။
1. Reset All Settings
2. Erase All Content and Settings
3. Reset Network Settings
4. Reset Keyboard Dictionary
5. Reset Home Screen Layout
6. Reset Location & Privacy
စုစုပေါင်း ( ၆ ) မျိုး ရှိပါတယ် ။
ဒီ ( ၆ ) မျိုးရဲ့ စွမ်းဆောင်ချက်တွေ ၊ စွမ်းရည်တွေက ဘာတွေလဲ ? ။
ဆက်ပြီးကြည့်လိုက်ရအောင်ဗျာ ။
( 1 ) Reset All Settings
Reset All Setting သည် Setting ကို Factory Default Reset လုပ်သွားမှာ ဖြစ်ပါတယ် ။
ဆိုလိုတာက WiFi , Bluetooth , Do No Disturb , Notifications , Sounds ,
Brightness , Wallpaper , Privacy နှင့် Touch ID ( Face ID ) တို့ကို
Reset လုပ်သွားတာပါ ။ မူလ Default အတိုင်း ဖြစ်သွားပါလိမ့်မယ် ။
သို့သော် Musics , Videos , Photos & Applications တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ် ။ ဒါ့အပြင် Email , SMS , iMessage တို့မှာလည်း မပျက်ပဲ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ် ။
* ယခု Settings ကို သုံးမယ်ဆိုရင်တော့ Settings >> General >> Reset >> Reset All Settings ကို နှိပ်ပါ ။
* Passcode ဖြည့်ဖို့ရာ ဂဏန်းနံပါတ် Keyboard လေး ပေါ်လာပါမယ် ။
* Setting >> Touch ID ( Face ID ) & Passcode ကို ဝင်ရောက်တဲ့အခါ ထည့်သွင်းပေးရတဲ့ passcode နံပါတ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ် ။
* Passcode ဖြည့်ပြီးပါက ပေါ်လာတဲ့ Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ ။( Apple က သေချာအောင် ထပ်မေးခြင်း ဖြစ်ပါတယ် ။ )
* Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iPhone ၊ iPad ကို Reboot ( Restart ) လုပ်ပါလိမ့်မယ် ။
* Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်း မရှိပါဘူး ။
ယခု Reset All Settings ကိုတော့ Setting အတွင်းမှာ မူလ Default အနေအထားအတိုင်း ဖြစ်စေရန်နှင့် တစ်ခုချင်း လိုက်လံမပြင်လိုတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ် ။
( 2 ) Erase All Content and Settings
ဒီ Erase All Content and Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်ကို သတိထားရပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ ဤ Erase All Content and Settings သည် မိမိ iPhone ၊ iPad အတွင်းရှိ ( အားလုံးကို ) အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ် ။
Photos , videos , Musics တို့အပြင် Email , SMS , iMessage & Applications အစရှိသည်တို့ကိုလည်း အကုန်လုံးကို ဖျက်ပစ်မှာ ဖြစ်ပါတယ် ။
ကျနော်တို့ရဲ့ iPhone ၊ iPad တွေကို စဝယ်လာစဉ်တုန်းက ပါလာသကဲ့သို့သော New အနေအထားကို ပြန်ရောက်စေရန်အတွက် ဒီ Erase All Setting ကို အသုံးပြုနိုင်ပါတယ် ။
ဒါ့အပြင် ကျနော်တို့ရဲ့ iPhone ၊ iPad များ လုံးဝ ဂဂျီဂဂျောင် ဖြစ်နေတဲ့အခါမျိုး ၊ Restart ( Reboot ) လုပ်ကြည့်ပေမယ့် မရတဲ့အခါမျိုး ၊ သို့မဟုတ် အခြားသူအား လက်ဆင့်ကမ်း ပြန်လည်ရောင်းချရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိတို့၏ Data များ မပါသွားစေရန်အတွက်လည်း အဆိုပါ Erase All Content and Setting ကို အသုံးပြုနိုင်ပါတယ် ။
* ဒီ Erase All Content and Settings ကို သုံးမယ်ဆိုရင်တော့ Settings >> General >> Reset >> Erase All Content and Settings ကိုနှိပ်ပါ ။
* Passcode ဖြည့်ဖို့ရာ ဂဏန်းနံပါတ် Keyboard လေး ပေါ်လာပါမယ် ။
* Setting >> Touch ID ( Face ID ) & Passcode ကို ဝင်ရောက်တဲ့အခါ ထည့်သွင်းပေးရတဲ့ passcode နံပါတ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ် ။
* Passcode ဖြည့်ပြီးပါက ပေါ်လာတဲ့ Erase iPhone ကို နှိပ်ပါ ။
အထူး သတိပြုရန်မှာ ဒီ Erase All Content and Setting မလုပ်မှီ ကွန်ပျူတာမှ iTunes ဖြင့်သော်၎င်း ၊ iCloud ဖြင့်သော်၎င်း ၊ အခြား Third-Party Software များ ( ဥပမာ – 3uTools ဖြင့် ) Backup လုပ်ထားဖို့ လိုပါမယ် ။ ဒါမှသာ Erase All Content and Setting လုပ်ပြီးသွားပြီဆိုရင် ကွန်ပျူတာနဲ့ ပြန်ချိတ်ပြီး Restore Backup ပြန်လုပ်ပေးမှသာ Photos , Musics , Videos တွေ ပြန်လည် ရရှိမှာ ဖြစ်ပါတယ် ။
Applications တွေကတော့ အားလုံး ဒေါင်းလုတ် ပြန်ဆွဲပေးရမှာ ဖြစ်ပါတယ် ။
Unlocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါဘူး ။ Lock ပြန်ကျသွားနိုင်လို့ ဖြစ်ပါတယ် ။
( 3 ) Reset Network Settings
Reset Network Settings သည် Cellular Data Network နှင့် သက်ဆိုင်သော ” username ” , ” password ” တို့ကို၎င်း ၊ တစ်ခါတရံ Connection Errors ဖြစ်တဲ့ Sim လိုင်း မမိခြင်းတို့ကို၎င်း Reset ချပေးပြီး Clean & Search ဖြစ်စေမှာ ဖြစ်ပါတယ် ။
ကျနော်တို့ရဲ့ iPhone တွေဖြင့် Cellular Data အသုံးပြုနေစဉ်မှာ လိုင်းမတက်ပဲ အဝိုင်းလည်နေတဲ့အချိန်မျိုး ကြုံဖူးကြမှာပါ ။ ( မြန်မာပြည်က ယူစာတွေကတော့ အသိဆုံးပဲ နေမှာပါ ။ ) ဒီလို အချိန်မျိုးမှာ ကျနော်တို့ရဲ့ iPhone တွေကို Airplane Mode ကို ပြောင်းကြည့်တာ ၊ ဖုန်းကို Restart ( Reboot ) ချကြည့်တာမျိုး လုပ်ပြီးတာတောင် အဆင်မပြေသေးဘူးဆိုရင် အဆိုပါ Reset Network Setting ကို ချကြည့်သင့်ပါတယ် ။
* ဒီ Reset Network Settings ကို သုံးမယ်ဆိုရင်တော့ Settings >> General >> Reset >> Reset Network Settings >> Reset Network Settings ကို နှိပ်လိုက်ပါ ။
* Passcode ဖြည့်ဖို့ရာ ဂဏန်းနံပါတ် Keyboard လေး ပေါ်လာပါမယ် ။
* Setting >> Touch ID ( Face ID ) & Passcode ကို ဝင်ရောက်တဲ့အခါ ထည့်သွင်းပေးရတဲ့ passcode နံပါတ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ် ။
* Passcode ဖြည့်ပြီးပါက Reset Network Setting ကို ထပ်မံ နှိပ်ပေးရမှာ ဖြစ်ပါတယ် ။
ယခု Reset Settings ကို WiFi , Network တို့အား Factory Default ဖြစ်လိုသော အခါမျိုးမှာလည်း အသုံးပြုနိုင်ပါတယ် ။
( 4 ) Reset Keyboard Dictionary
စာရိုက်တဲ့ အခါမှာ Autocorrect Feature က အလွန်အသုံးဝင်လှပါတယ် ။ သို့သော် တစ်ခါတစ်ရံ အမည်တွေ ၊ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် Auto Correction က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ။ ဒီအခါမှာ ကျနော်တို့က ( x ) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ လိုသလိုသာ ရိုက်လိုက်တတ်ကြပါတယ် ။ ဥပမာ – Myanglish ဆိုပါတော့ ။ ဒါဆိုရင် ကျနော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom Dictionary ထဲကို အလိုလို ထည့်လိုက်ပါတယ် ။ နောက်တစ်ခါ ကျနော်တို့က English လို အမှန်တကယ် ရိုက်တဲ့အခါမှာတော့ Auto Correction က ပြင်ပေးတဲ့ စာလုံးပေါင်းတွေဟာ မှားနေကောင်း မှားနေနိုင်ပါတယ် ။
ဒီလိုအချိန်မျိုးမှာ ယခု Reset Keyboard Dictionary ကို အသုံးပြုဖို့ လိုလာပါပြီ ။
* ဒီ Reset Keyboard Dictionary Settings ကို သုံးမယ်ဆိုရင်တော့ Settings >> General >> Reset >> Reset Keyboard Dictionary >> Reset Dictionary ကို နှိပ်ပါ ။
* Passcode ဖြည့်ဖို့ရာ ဂဏန်းနံပါတ် Keyboard လေး ပေါ်လာပါမယ် ။
* Setting >> Touch ID ( Face ID ) & Passcode ကို ဝင်ရောက်တဲ့အခါ ထည့်သွင်းပေးရတဲ့ passcode နံပါတ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ် ။
* Passcode ဖြည့်ပြီးပါက Reset Dictionary ကို ထပ်ပြီး နှိပ်ပေးရမှာ ဖြစ်ပါတယ် ။
ယခု Reset Keyboard Dictionary Settings ကို မိမိရဲ့ Auto Correction Dictionary အဆင်မပြေ ၊ မှားယွင်းစွာ ပြလာတဲ့ အခါမျိုးမှာ သုံးနိုင်ပါတယ် ။
( 5 ) Reset Home Screen Layout
Reset Home Screen Layout Settings ကတော့ Home Screen မှာ ရှိသော Applications များကို Default နေရာအတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးတဲ့ဟာ ဖြစ်ပါတယ် ။
ဆိုလိုတာကတော့ ကျနော်တို့ iPhone ၊ iPad ရဲ့ Home Screen ပေါ်မှ Applications များကို Alphabetic Order ( အက္ခရာစဉ်အလိုက် ) လွယ်ကူလျှင်မြန်စွာထားနိုင်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် ။
ဥပမာ – Stock Apps ( Built-in ပါလာတဲ့ Applications ) တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွှေ့ထားတာမျိုး ၊ Group ဖိုလ်ဒါဆောက်ပြီး သီးသန့်ထည့်ထားတာမျိုး အနေအထားကနေ ပုံမှန်အတိုင်းဖြစ်တဲ့ မူလ Default အနေအထားအတိုင်းကို ပြန်လည် ပြောင်းရွှေ့ပေးမှာလည်း ဖြစ်ပါတယ် ။
* ယခု Settings ကို သုံးမယ်ဆိုရင်တော့ Settings >> General >> Reset >> Reset Home Screen Layout >> Reset Home Screen ကို နှိပ်ပါ ။
* ” This will reset your home screen layout to factory defaults ” ဆိုတဲ့ စာလေးနဲ့ ” Reset Home Screen ” ဆိုပြီး ပေါ်လာရင် Reset Home Screen ကို နှိပ်လိုက်ပါ ။
အထူးသတိပြုရန်မှာ ဒီ Reset Home Screen Layout Setting ကို အသုံးပြုပါက ကျနော်တို့ Home Screen ပေါ်ရှိ Group Folder များ ဆောက်ပြီး ထည့်သွင်းထားသည့် Applications များ ၊ Games များသည် Group Folder များ ပျက်ပြီး Folder များအတွင်းမှာရှိတဲ့ Apps များ ၊ Games များ ကျနော်တို့ စီစဉ်နေရာရွှေ့ထားသလိုမျိုး မဟုတ်တော့ပဲ အက္ခရာစဉ်အလိုက် နေရာများ ရွှေ့ပြောင်းသွားမှာပဲ ဖြစ်ပါတယ် ။
ဒီတော့ Home Screen ပေါ်မှာရှိတဲ့ Application icons တွေ အကုန်လုံးဟာ အောက်ပါအတိုင်း ဖြစ်သွားမှာ ဖြစ်ပါတယ် ။
Apple ရဲ့ Stock apps ( iOS နှင့်အတူ ပါဝင်လာသည့် pre-installed built-in apps များ ) များဟာ Factory Default locations များကို ရောက်ရှိသွားပါမယ် ။ ကျန်ရှိနေသော Applications များကတော့ အက္ခရာစဉ်အလိုက် ( Alphabetic Order ) အစီအစဉ်တကျ ဖြစ်သွားပါမယ် ။
ဒီလောက်ဆို သဘောပေါက်လောက်ပြီ ထင်ပါတယ် ။
( 6 ) Reset Location & Privacy
ဒီ Reset Location & Privacy Settings ကတော့ Location နှင့် Privacy Settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးတာပဲ ဖြစ်ပါတယ် ။
Default အနေနှင့်ဆိုလျှင် Settings >> Privacy မှာ Location Services က OFF ဖြစ်သွားပါလိမ့်မယ် ။ ( ဒီတော့ ကျနော် သတိပေးလိုတာကတော့ ” Find My iPhone ” သည်လည်း Location ကို Tracking လုပ်နိုင်တော့မည် မဟုတ်ပါ ။ )
* အဆိုပါ Reset Location & Privacy Settings ကို သုံးမယ်ဆိုရင်တော့ Settings >> General >> Reset >> Reset Location & Privacy ကို နှိပ်ပါ ။
* Passcode ဖြည့်ဖို့ရာ ဂဏန်းနံပါတ် Keyboard လေး ပေါ်လာပါမယ် ။
* Setting >> Touch ID ( Face ID ) & Passcode ကို ဝင်ရောက်တဲ့အခါ ထည့်သွင်းပေးရတဲ့ Passcode နံပါတ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ် ။
* Passcode ဖြည့်ပြီးပါက Reset Setting ကို ထပ်ပြီး နှိပ်ပေးရပါမယ် ။
ယခု Reset Settings ကို အခြား Third Party Applications များ၏ Location Services များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည် ။
၎င်း Location Services များကို ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings >> Privacy ထဲကို ဝင်ကာ Location Services ကို ပြန် On ပေးပြီး စိတ်ကြိုက် ပြန်ပြီး ” Enable ” လုပ်နိုင်ပါတယ် ။
( ” Find My iPhone ” ကို ပြန်လည်၍ ” Enable ” လုပ်ထားရန် မမေ့ဖို့ သတိပေးပါရစေဗျာ ။ )
အထက်ပါ အကြာင်းအရာများသည် iPhone ၊ iPad များ၏ Reset Option နှင့် ပတ်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည် ။
မည်သည့် Reset Settings ကိုပဲ အသုံးပြုစေကာမူ Reset မလုပ်ခင် ကျနော်တို့ရဲ့ iPhone ၊ iPad တွေကို ” Backup ” လုပ်ထားဖို့ အကြံပြု တိုက်တွန်းအပ်ပါတယ် ။ တစ်စုံတစ်ခုသော ပြဿနာ ပေါ်ပေါက်လာပါက ” Backup ” လုပ်ထားခြင်းဖြင့် ကျနော်တို့ရဲ့ Personal Privacy Data များကို ပြန်လည် ရယူနိုင်မှာ ဖြစ်ပါတယ် ။ အထူးသတိပြုရန်မှာ Jailbreak User များ အသုံးမပြုသင့်ပါဘူး ။
အားလုံးအဆင်ပြေကြပါစေ ။
No comments:
Post a Comment