

Home Screen မှာ widget တွေအစုံတင်ပေးထားတာက ရုတ်တရက်ကြည့်ရင် screen ရှုပ်သလိုဖြစ်ပေမဲ့ တကယ်မိုက်တဲ့ function တခုပါ
Apple accessories တွေရဲ့ battery Notification ကိုကြည့်လို့ရတာလေးတော့ တော်တော်မိုက်တယ်


Application တွေကို လိုက်ရှာရတဲ့ ဒုက္ခတော်တော်လေး သက်သာသွားတယ်
ကိုယ့်ဖုန်းကို သူစိမ်းယူကိုင်ရင်တောင် စိတ်ပူနေရတဲ့ App တွေ Hide ထားလို့ရတာလေးက ရှယ်ပဲ


ရုတ်တရက်ကြည့်ရင် indicator ကဘာမှ မဟုတ်ပါဘူးလို့တော့ထင်ကောင်းထင်နိုင်တယ်

ဒါပေမဲ့ third party app တွေကနေ privacy track လုပ်ခြင်းက ကာကွယ်ဖို့ notification တခုဆိုတော့ မဆိုးဘူးတော့ပြောရမယ်

ဒီအချက်တော့Selfie ရိုက်ရတာကြိုက်တဲ့ ဘေဘီတွေ မမကြီးတွေအကြိုက်ဖြစ်မယ်ဆိုတာအသေအချာပဲ
selfie ရိုက်ပြီးပြောင်းပြန်ပုံပေါ်ခြင်းကင်းဝေးပြီဆိုတော့ ဆယ်ဖီအကြိုက်ဆွဲပေတော့ပေါ့ဗျာ



အရင်က album ထဲက Photo တွေကို hide လို့ရပေမဲ့ Hide Folder Name ကြီးပေါ်နေတော့ Hide လဲအလကားဖြစ်နေတာ
အခုတော့ Hide Folder ကိုပါ ဖျောက်လို့ရပြီဆိုတော့ ဖုံးချင်ဝှက်ချင်သူများအတွက်ရွှေပေါ့ဗျာ



ဘာကြီးလဲပေါ့ android ဖုန်းဒီဇိုင်းကြီး Feel ကြဲတယ်ကွာလို့ထင်မိတာ...တကယ်ကတော်တော်မိုက်တယ်ဗျ App တွေသုံးနေရင် ဖုန်းဝင်လာလို့ full screen နဲ့မလာတော့ပဲ noti banner နဲ့ပေါ်လာတာလေးပ တကယ်သုံးကြည့်တော့ တော်တော်အဆင်ပြေတယ်ဗျာ

ကျောဘက်ကို ၂ ချက်ခေါက်ပြီး Lock ချမလား
၃ ချက်ခေါက်ပြီး Mute လုပ်မလား တော်တော်လေး အသုံးဝင်တယ်ဗျာ မိမိစိတ်ကြိုက် ပြင်လို့ရတယ်နော် admin ကတော့ lock /Mute ကိုကြိုက်လို့ ကလိထားတာ
တခုတော့ ရှိတယ် Glass body တွေအသုံးပြုပေးထားတဲ့ Model တွေပဲရမှာဆိုတော့ 7/7+ နှင့်အောက်ပိုင်း အမျိုးအစားတွေတော့ စိတ်မကောင်းစရာပဲ



No comments:
Post a Comment