iPhone မှာ ပုံတွေ ဝှက်ဖို့အကောင်းဆုံး free app
သိတဲ့အတိုင်း Photo hide တဲ့ app တွေက free မရပါဘူး။ free ရရင်လည်း in-app Purchase ကြီးနဲ့ full version မဖြစ်တော့ပုံတွေအကန့်အသတ်နဲ့ဘဲရတဲ့အပြင် ကြော်ငြာတွေတအားတက်ပါတယ်။
ဒီ app လေးကတော့ photo hide တဲ့ app တော့မဟုတ်ပါဘူး။ ဒါပေမယ့်လိုသလိုသုံးလို့ရပါတယ်။ ပုံတွေ Unlimited သိမ်းလို့ရပါတယ် AD လည်းမပါပါဘူး။ တော်တော်များများတော့ရင်းနှီးပြီးသား app တစ်ဖြစ်ပေမယ့် သတိမထားမိကြတာပါ။
Camera roll ထဲက photo တွေ video တွေကို app ထဲ import လုပ်ထားပြီး app ကို passcode ခံထားလို့ရပါတယ်။ fingerprints နဲ့လည်းဖွင့်လို့ရပါတယ်။ Hide ထားချင်တဲ့ ပုံတွေဆိုရင်တော့ iPhone တွေထုံးစံအတိုင်း မူရင်းပုံကိုဖျက်ပေးရမယ်။ Recently deleted ထဲမှာပါဖျက်ပေးပါ။ ဒီတိုင်းအရေးကြီးလို့ Back up လုပ်ထားချင်ရင်တော့ မဖျက်လည်းရပါတယ်။ ပုံတွေပြန်လိုချင်ရင်တော့ camera roll ထဲကို export ပြန်လုပ်လို့ရပါတယ်။ တစ်ပုံချင်းလည်းလုပ်လို့ရသလို select all နဲ့လည်အကုန်တစ်ခါတည်း export လုပ်လို့ရပါတယ်။
App နာမည်ကတော့ iUSB Pro ဖြစ်ပါတယ်။ iPhone OTG တော်တော်များများနဲ့လည်း တွဲသုံးလို့ရတဲ့ app တစ်ခုပါ။ တစ်ခုရှိတာက app ကိုဖျက်လိုက်မိရင်တော့ app ထဲမှာသိမ်းထားတဲ့ ပုံတွေပါပျက်သွားမှာပါ။
ပုံတွေဝှက်ဖို့ application မသုံးချင်ရင်လည်း Built in ပါတဲ့ Notes ထဲမှာ ဝှက်ထားလို့ရပါတယ်။ iOS 9.3 ကစပြီး Notes တွေကို lock ချလို့ရလာပါပြီ။ Notes ထဲမှာ ပုံတွေကိုလည်းသိမ်းထားလို့ရပါတယ်။ အားသာချက်အနေနဲ့ iCloud ထဲမှာပါသိမ်းထားပေးပါတယ်။ ဒါပေမယ့် UI သိပ်မကြိုက်သလို export လုပ်ရင်လည်းတစ်ပုံချင်းဘဲရလို့ မသုံးဖြစ်တာပါ။
App download link
https://itunes.apple.com/us/app/iusb-pro/id1069615726?mt=8
ဒါကတော့ free app လေးပါ။ ကျွန်တော်အကြိုက်ဆုံး Photo hide တဲ့ Paid app အကြောင်းလည်းထပ်မံဖော်ပြပေးသွားပါမယ်။
No comments:
Post a Comment