Display အကောင်းဆုံး စမတ်ဖုန်းဖြစ်လာတဲ့ iPhone XS Max
အရင်တစ်လ Galaxy Note 9 မိတ်ဆက်တုန်းက အကောင်းဆုံး Display ပိုင်ဆိုင်နေတယ်ပြောလို့ Samsung ဝမ်းသာမဆုံးဖြစ်နေတဲ့အချိန် Apple ငုတ်တုတ်မေ့သွားအောင် လုပ်ပစ်လိုက်ပြီ ထင်ပါတယ်။ ပိုကြေကွဲစရာ ကောင်းသွားတာက iPhone အသစ်တွေရဲ့ OLED Panel ကို LG Display ထောက်ပံ့ထားတာဆိုတော့ Samsung ထက် နည်းပညာပိုင်း ပိုသာနေပြီလို့ အကြမ်းဖျင်းယူဆလို့ ရနေပါပြီ။
iPhone XS Max Display
အရင်တုန်းက LG OLED တွေ Display Burn-in ဖြစ်တယ်၊ Ghosting Effect
ပေါ်တယ်၊ အနီဖက်သန်းတဲ့ အရောင်တွေထွက်လို့ မျက်နှာငယ်နေရတဲ့အချိန် iPhone XS
Max Display အကောင်းဆုံးဖြစ်သွားပြီ၊ လက်ရှိ ချန်ပီယံ Samsung ကို
အနိုင်ယူပစ်လိုက်ပြီလို့ DisplayMate ကြေညာပေးခဲ့ပါတယ်။
iPhone XS Max
ဒီလိုပဲ IFA 2018 ပွဲတုန်းက မိတ်ဆက်သွားတဲ့ XZ3 စမတ်ဖုန်းမှာ OLED Panel
သုံးထားတယ်ဆိုမယ့် ကိုးရီးယားနှစ်ကောင်အကြား မျက်နှာပန်းမလှသွားခဲ့ပါဘူး။
ရက်ပိုင်းလောက်ပဲ Sony OLED Display ကောင်းတယ်လို့ ချီးမွမ်းခံခဲ့ရပေမယ့်
လက်ရှိ iPhone Display ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
Display Out-door
ဘာလို့ Apple အဲ့လောက်စွာနေရသလဲဆိုရင် iPhone XS Max အရောင်ထွက်အားက
လုံးဝတိကျလွန်းပြီး မှန်ကန်နေတဲ့အတွက် Reference နဲ့ ယှဉ်ရင်တောင်
မခွဲခြားနိုင်ပါဘူးတဲ့။ နောက်ပြီး Brightness အရမ်းကောင်းလွန်းတယ်၊ ပုံမှန်
660 nits အလင်းအားနဲ့ သွားနေတဲ့ Display က နေရောင်ထဲရောက်သွားလည်း 720nits
လောက် တင်ပေးတယ်၊ ဒီလို အလင်းအား ကောင်းလာတဲ့အတွက် Screen Reflective
ဖြစ်တာ နည်းလာတယ်၊ တော်ရုံ အလင်းပြန်ခဲတယ်၊ ပြန်ခဲ့ရင်လည်း
တခြားစမတ်ဖုန်းတွေထက် ပိုသာတယ်လို့ DisplayMate ထောက်ပြထားပါတယ်။
Display under sunlight
နောက်ပြီး OLED Screen ဖြစ်သွားလို့ ဘယ်နေရာကပဲ ကြည့်လိုက်ကြည့်လိုက်
အရောင်ထွက် တသတ်မတ်ထဲ ဖြစ်နေတယ် မထင်လိုက်ပါနဲ့၊ တချို့ OLED ဖုန်းတွေမှာ
အပြာဖက် သန်းတာရှိတယ်၊ အစိမ်းဖက်သန်းတာရှိတယ်။ ဒါပေမယ့် XS Max မှာတော့
အရောင်သွေဖီမှုလုံးဝ မရှိဘဲ တောက်ပစိုပြေနေတာကြောင့် အကောင်းဆုံး Display
ပိုင်ဆိုင်ထားတဲ့ စမတ်ဖုန်း iPhone XS Max ပိုင်ဆိုင်သွားခဲ့ပါပြီ။
No comments:
Post a Comment