Thursday, November 26, 2020

မထိခိုက်စေပဲ iPhone ရဲ့ Speakers တွေကို Clean လုပ်နည်း

 


Apple ဟာ iOS ကို Maintenance နဲ့ Bugs တွေကို Fixes လုပ်ဖို့အတွက် Updates တွေကို မကြာခဏဆိုသလို ထုတ်ပေးလေ့ရှိပါတယ်။ အလားတူပဲ iPhone အတွင်းမှာရှိတဲ့ Hardware တွေကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သုံးလာတာကြာလေ iPhone ရဲ့ Microphone တို့၊ Speakers တို့မှာလည်း အညစ်အကြေးတွေနဲ့ ကပ်ငြိတွယ်ကပ်နေတတ်ပါတယ်။ အဲဒီအခါ iPhone ၏ Speaker or Microphone ကနေ ထွက်ရှိလာတဲ့ အသံဟာ အရင်ကလို သဲသဲကွဲကွဲ ရှိတော့မှာ မဟုတ်ပါဘူး။ တစ်လ ဒါမှမဟုတ် နှစ်လတကြိမ်လောက်တော့ iPhone ကို သန့်ရှင်းအောင် လုပ်သင့်ပါတယ်။

Clean Your iPhone Speakers

သိတဲ့အတိုင်းပါပဲ iPhone 7 Series ကနေစပြီး Apple ဟာ iPhones အားလုံးမှာ Dual-Speakers တွေကို ထည့်ပေးလာခဲ့ပါတယ်။ Speaker တစ်ခုက အပေါ်ဖက် Microphone ဘေးမှာရှိပြီး၊ နောက်တစ်ခုကတော့ အောက်ဖက် Lightning Connector အနားမှာ ရှိပါတယ်။ သူတို့ကို ဘယ်လို Clean လုပ်ရမလဲ ပြောပြပါမယ်။

Use Toothbrush

ခြောက်သွေ့တဲ့ Toothbrush နဲ့ iPhone ၏ Speakers တွေကို သန့်ရှင်းအောင် ဖယ်ရှားပေးပါ။ ခြောက်သွေ့တဲ့ Toothbrush နဲ့ Speakers တွေကို Clean လုပ်လို့ရသလို အရက်ပြန်နဲ့ Toothbrush ကို စွတ်ပြီး iPhone ၏ အပေါ်အောက် Speakers တွေကိုပွတ်တိုက်ပေးလို့လည်း ရပါတယ်။

မှတ်ထားပါ Toothbrush ကို အရက်ပြန်ထဲ လုံးဝ မစိမ်ပါနဲ့။ ပြီးတော့ Speakers ကို Cleaning လုပ်နေစဥ်မှာလည်းToothbrush ကို အရမ်းဖိပြီး မပွတ်တိုက်ပါနဲ့။ ဖြည်းဖြည်းနဲ့ ညှင်ညှင်သာသာ တိုက်ရပါမယ်။ အရက်ပြန်ဟာ ရေထက် မြန်မြန်ခြောက်သွေ့လွယ်တဲ့အတွက် iPhone ရဲ့ အတွင်းပိုင်းကို အရည်ကြောင့် ထိခိုက်မှု လျော့နည်းစေပါလိမ့်မယ်။

Use Painter’s Tape

Toothbrush လိုမျိုး ခြောက်သွေ့တာနဲ့ ပွတ်တိုက်ပြီးတာတောင်မှ Speakers တွေ အသံထွက်က အနည်းငယ် မရှင်းမလင်းဖြစ်နေတုန်းပဲဆိုရင်တော့ Masking Tape or Painter Tape တွေ သုံးပြီး Clean လုပ်တာက အကောင်းဆုံးပါပဲ။ မည်သည့်မျက်နှာပြင်ပေါ်တွင်မဆို ကော်ကို ကပ်နိုင်စေရန် အထူးဒီဇိုင်း ပြုလုပ်ထားပါတယ်။ ဖိအားကို ခံနိုင်သည့် ကော်ရှိပြီး ၎င်းသည် iPhone Speakers များကို သန့်ရှင်းရေးအတွက် အကောင်းဆုံးကိရိယာတစ်ခုပင် ဖြစ်စေပါလိမ့်မယ်။

တိပ်ခွေမှ အနည်းငယ် ဆုတ်ဖြဲယူလိုက်ပါ။ ကော်ပါသည့် စေးကပ်နေတဲ့အပိုင်းကို အပြင်တွင်ထား၍ လိပ်ပါ။ ပြီးလျှင်iPhone ၏ Speakers များပေါ်တွင် နှိပ်ပါ။ Tape ပေါ်ရှိ အညစ်အကြေးတွေကို စက္ကူဖြူပေါ်တွင် နှိပ်၍ စစ်ပါ။ အဲဒီနောက်အဆိုပါ Tape အဟောင်းကို လွှင့်ပစ်၍ Tape အသစ်ကို ထပ်ဖြဲကာ လိပ်ပါ။ ထို့နောက် iPhone ၏ Speakers တွေပေါ် နှိပ်ပြီးထပ်မံ Cleaning လုပ်ပါ။

Use Compressed Air

ယူစာများအနေဖြင့် Desktop, Laptop Keyboards အစရှိသည်တို့ပေါ်ရှိ ဖုန်မှုန့်များကို Compressed Air အားအသုံးပြု၍ဖယ်ရှားနိုင်ပါတယ်။ ထို့အတူ iPhone ၏ Speakers တွေကိုလည်း Clean လုပ်တဲ့အခါမှာလည်း အသုံးပြုလို့ ရပါမယ်။iPhone ၏ Speakers နဲ့ ( ၉ ) လက်မ ဒါမှမဟုတ် ( ၁၀ ) လက်မ အကွာမှာ လေမှုတ်ထုတ်မယ့်ကိရိယာကို ထားရပါမယ်။ထို့နောက် ဖုန်မှုန့်တွေကို မှုတ်ထုတ်ပါ။

လေမှုတ်ထုတ်အားကောင်းတဲ့ Compressed Air မျိုးကို အသုံးမပြုဖို့ အကြံပေးရပါလိမ့်မယ်။ iPhone ရဲ့ Speakers အနားမှာလည်း မထားပါနဲ့။ ဖုန်းရဲ့ အတွင်းပိုင်းကို ပျက်စီးစေနိုင်လို့ပဲ ဖြစ်ပါတယ်။ ( ယူစာအတော်များများ ပြင်းထန်တဲ့ လေမှုတ်အားဒဏ်ကြောင့် iPhone ၏ Speakers တို့ Microphones တို့ ပျက်စီးသွားခြင်းများ ကြုံတွေ့ကြရဖူးတဲ့အတွက် ဒီနည်းကိုအထူးသတိထားပြီးမှ လုပ်စေချင်ပါတယ်။ )

➤ Falcon Compressed Gas: Buy [Amazon]

iPhone ၏ Speaker တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် Toothbrush ကိုသာ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ သေးပြီးချွန်ထက်တဲ့ သွားကြားထိုးတံလိုမျိုးကို အသုံးမပြုစေချင်ပါဘူး။ သွားကြားထိုးတံဖြင့် ထိုးသွင်းပါက အညစ်အကြေးဖုန်မှုန့်တွေကို Speakers ၏ အတွင်းပိုင်းကို တွန်းပို့စေသလို ဖြစ်နိုင်တဲ့အတွက်ပါ။

အားလုံးပဲ ဒီပို့စ်လေးနဲ့ မိမိတို့၏ iPhone Speakers or Microphones တွေကို သန့်ရှင်းအောင် ပြုလုပ်နိုင်ကြပါစေဗျာ။

No comments:

Post a Comment