မိမိ iDevice ကို PC & Laptop ဖြင့် ချိတ်ဆက်သည့်အခါ ပေါ်လာသည့် “Trust & Don’t Trust ” Function အကြောင်း
သင့်အနေနဲ့ အခြား မိမိတကယ်ယုံကြည်စိတ်ချရတဲ့ ကွန်ပျူတာ သို့မဟုတ် Mac Book မဟုတ်ပဲနဲ့ ” Turst This Computer” ဆိုတဲ့ Pop Up တက်လာတဲ့အခါ အလွယ်တကူ Trust ဆိုသည့် Button ကို မနှိပ်လိုက်ပါနဲ့ ။ ၄င်း Button ကိုနှိပ်လိုက်ပါက မိမိ Device အတွင်းမှာရှိတဲ့ Data တွေကို ကွန်ပျူတာပိုင်ရှင်မှ စိတ်ကြိုက်ပြုလုပ်နိုင်အောင် အလွယ်တကူ ခွင့်ပြုလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ မိမိ တကယ်စိတ်ချရမဲ့ ကွန်ပျူတာ သို့မဟုတ် Mac Book ဖြစ်မှသာ Trust ဆိုတဲ့ Button ကိုနှိပ်ပါ။ ဘာကြောင့်လဲဆိုရင် iDevice တွေရဲ့ USB ကြိုးက ဘက်ထရီ အားသွင်းခြင်း ၊ Data ကူးယူခြင်းစသည့် Function နှစ်မျိုးအတွက် အသုံးပြုနိုင်အောင်ဖန်တီးထားခြင်းကြောင့်ဖြစ်ပါတယ်။ Apple ဟာ ဒီ Function ကို iOS 7 မှစပြီး ထည့်ထားခဲ့တာဖြစ်ပါတယ်။
အကယ်၍ သင်ဟာ “Trust This Computer ” ဆိုတဲ့ Pop Up အတွက် ” Trust ” သို့မဟုတ် ” Don’t Trust” ဆိုသည့် ဆုံးဖြတ်ချက်တစ်ခုကို ဆုံးဖြတ်ခဲ့ပြီးမှ စိတ်ပြောင်းကာ ပြန်လည် ပြင်ဆင်ချင်ရင် မှားသွားပြီဆိုပြီး စိုးရိမ်ကောင်း စိုးရိမ်ပါလိမ့်မယ်။ ဒီအတွက်ကြောင့် ဘာမှမစိုးရိမ်ပါနဲ့။ သင့် Device ရဲ့ USB Plug ကို ပြန်ဖြုတ်ပြီး ပြန်တပ်လိုက်ရင် “Trust This Computer ” ဆိုတဲ့ Pop Up ကို ပြန်မြင်တွေ့နိုင်ပါတယ်။
ဒါမှမဟုတ် သင့်ရဲ့ i Device အတွင်းရှိ “Trust ” အဖြစ် လက်ခံထားတဲ့ Computer List တွေအကုန်လုံးကို ဖျက်ပြစ်ချင်တယ်ဆိုရင်တော့ iOS 12 ကို နမူယူပြီး ဖော်ပြပေးပါ့မယ်။
နည်းလမ်းကတော့ Setting >>> General >> Reset အတွင်းမှာရှိတဲ့ ” Reset Network Settings ” ဆိုသည့် Tab ကိုနှိပ်ကာ မိမိ ယုံကြည်သည်ဆိုကာ လက်ခံထားသည့် Computer List အကုန်လုံးကို ဖျက်နိုင်ပါတယ်။

နောက်တစ်နည်းကတော့ Setting >>> General >> Reset အတွင်းမှာရှိတဲ့ “Reset Location & Privacy,” ဆိုသည့် Tab ကိုနှိပ်ကာ မိမိ ယုံကြည်သည်ဆိုကာ လက်ခံထားသည့် Computer List အကုန်လုံးကို ဖျက်နိုင်ပါသေးတယ်။

ဒါကြောင့် Apple အသုံးပြုကြတဲ့ မိတ်ဆွေတို့အနေနဲ့ မိမိရဲ့ iDevice များကို အခြားကွန်ပျူတာ များမှာ USB နှင့် ချိတ်ဆက်သည့်အခါ မိမိ Device အတွင်းရှိ Data တွေလုံခြုံရေးကို ကာကွယ်နိုင်ဖို့အတွက် Apple မှ ဖန်တီးပေးသော လုံခြုံရေး Service တစ်ခုဖြစ်ပါတယ်။ iDevice အသုံးပြုသူများအနေနဲ့ မိမိတကယ် ယုံကြည်စိတ်ချရမဲ့ ကွန်ပျူတာမှသာ ” Trust ” Button ကို နှိပ်ကာ မိမိ Device အတွင်းရှိ Data လုံခြုံရေးကို ခွင့်ပြုသင့်ပါတယ်။ ။
No comments:
Post a Comment