
iPhone 6 နဲ့ 6Plus တို့က မျက်နှာပြင် အရွယ်အားဖြင့် အရင် iPhone များထပ် ကြီးတာကြောင့် လက်တစ်ဖက်တည်းနဲ့ သုံးဖို့ သိပ်မလွယ်လှပါဘူး။ ဒါကြောင့်မို့ ယင်းအတွက် One Hand နဲ့ လုပ်နိုင်အောင် Funtion လေး Apple မှ ထည့်ထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီရက်ပိုင်းအတွင်း လက်ကလိမှ သိလိုက်ရတာပါ။
One Hand သုံးချင်ရင် လွယ်ပါတယ်။ iPhone ရဲ့ Home Button ကို ခပ်ဖွဖွ နှစ်ချက် ပွတ်လိုက်ရုံပါပဲ။ နှိပ်တယ်လို့ ကျွန်တော်မပြေပါ။ ဘာလို့လဲဆို နှိပ်တယ်ဆိုရင် ဖိနှိပ်ချလိုက်မှာ ဖြစ်ကြောင့် One Hand မဖြစ်ပဲ home screen ချည်းပဲ ရောက်သွားပါလိမ့်မယ်။ နောက်ထပ် တစ်နည်းဖြင့် ရှင်းရရင် screen ကို touch လုပ်သလိုမျိုး home button ကို double touch လုပ်ရတာမျိုး ဖြစ်ပါတယ်။ လက်နဲ့ အသာအယာ ခပ်ဖွဖွလေး ပွတ်လိုက်တာကြောင့် screen မှာ အပြည့်ဖြစ်နေတဲ့ Windows က လက်မှီနိုင်တဲ့ တစ်ကမ်းစာကို ရောက်ရှိပါလိမ့်မယ်။ iPhone 6 Plus မှာတော့ မသိ ဘယ်လောက်ထိ အောက်ကို ကျသွားလဲ မသိ။ iPhone 6 မှာတော့ ဖုန်း မျက်နှာပြင်ရဲ့သုံးပုံပုံ တစ်ပုံစာလောက်ကို အောက်ကျသွားပါတယ်။ ဒီတော့ ပေါ်တဲ့အပိုင်းက ဖုန်းမျက်နှာပြင်ရဲက သုံးပုံပုံ နှစ်ပုံစာပဲ ရှိပါတော့တယ်။
ဒါကြောင့်မို့ လက်တစ်ဖက်တည်းနဲ့ သုံးလို့သွားပါလိမ့်မယ်။ သူက အမြဲတမ်း အဲ့လိုဖြစ်သွားမှာလည်း မဟုတ်ပါဘူး။ နောက် နှစ်ချက် ပြန်ပွတ်လိုက်ရင် သို့မဟုတ် home button ကို ဖိချလိုက်ရင် အပေါ် ပြန်တက်သွားပါတယ်။ အချို့ app တွေထဲကို ဝင်ရင် ပြန်တောင် ပွတ်စရာမလိုပဲ တစ်ခုခု နှိပ်ရန် ရိုက်ရန်လို အလိုလို သိထားတာကြောင့် အနည်းငယ် ကြာရင် အပေါ် ပြန်တက်သွားပါတယ်။ a
စစ သုံးချင်းမှာ သိပ် familiar မဖြစ်ပေမယ့် သုံးပြီးသွားတဲ့အခါ လက်တစ်ဖက်တည်းနဲ့ အဆင်ပြေတာကြောင့် သုံးရတာ ကြိုက်သွားပါလိမ့်မယ်။ အော် ဒါနဲ့ General>>accessibility>>reachablity မှာ turn on လုပ်မှ အဲ့လို သုံးလို့ ရပါလိမ့်မယ်။
.
No comments:
Post a Comment