Tuesday, October 25, 2022

iOS 16.1 Update ထွက်လာပါပြီ

 iOS 16.1 Update ထွက်လာပါပြီ

- iPhone XR, 11, 12 mini, 13 mini တွေမှာ Battery Percentage မြင်အောင်လုပ်လို့ရပါပြီ (Settings > Battery > Battery Percentage - On)
- Battery Percentage ကလည်း အရင်ကလို Battery Icon ရဲ့ Full ပုံစံပေါ်မှာမှ Number ပြမှာမဟုတ်ပဲ လက်ကျန်ရှိသလောက်ပေါ်မှာမှ Number ပြမှာမို့လို့ ပိုအဆင်ပြေသွားပါတယ်
- Clean Energy Charging ဆိုတာပါလာပါတယ် .. မြန်မာနဲ့တော့မဆိုင်ပါဘူး .. တခြားနိုင်ငံတွေအတွက်ပါ .. အားသွင်းရင် Carbon Footprint တွေထုတ်လွှတ်မှုနည်းတဲ့နည်းပညာနဲ့သွင်းပေးမှာဖြစ်ပါတယ်
- iCloud Shared Photo Library ပါလာပါပြီ .. ကိုယ် Share ချင်တဲ့ Photos, Videos တွေကို Friends, Family တွေဆီ iCloud သုံးပြီး Share ပေးနိုင်မှာပါ
- Camera App ထဲမှာလည်း ရိုက်လိုက်တဲ့ပုံကို တစ်ခါတည်းတန်း Share ဖို့အတွက် Button လေးပါလာပါတယ် .. အမြဲတမ်းတော့မဖွင့်ထားနဲ့ပေါ့ .. မဟုတ်တာတွေရိုက်ပြီး Auto Share မိနေဦးမယ် :3
- Live Activities လည်းပါလာပါပြီ .. ဒါကတော့ 3rd Party App တွေကနေ Activity တွေကို Dynamic Island or Lock Screen မှာ အမြဲပြသနေတာမျိုးပါ ..​ ဥပမာ - ဘောလုံးပွဲရဲ့ Live Score တွေ, Taxi ခေါ်ထားရင် Taxi ရဲ့ Location တွေစသဖြင့်ပေါ့ .. ဒါကတော့ Developer တွေ သူတို့ App ကို Update ပေးမှရပါမယ် .. တချို့ App တွေကတော့​ရနေပါပြီ
- iPhone 14 Pro တွေမှာ Black Wallpaper သုံးထားရင် Dynamic Island ကိုသတိထားမိအောင် သူ့ပတ်လည်မှာ Outline လေးလုပ်ပေးထားပါတယ်
- Dynamic Island ဟာ Reachability နဲ့အလုပ်,လုပ်ပါပြီ
- Apple Watch မရှိပဲ iPhone မှာတင် Fitness+ ကိုသုံးလို့ရပါပြီ
- Wallet ထဲက Car Key, Hotel Key စတဲ့ အရာတွေကို တခြားလူတွေကို Share ပေးနိုင်ပါပြီ .. နောက်ပြီး Wallet App မသုံးတဲ့လူတွေအနေနဲ့လည်း Wallet App ကို Delete လုပ်လို့ရပါပြီ
- Home မှာလည်း Matter Standard ကို Support လုပ်ပါပြီ
- Delete လုပ်လိုက်တဲ့ Message ဟာ Recently Deleted ထဲမှာမပေါ်ပဲ Conversation List မှာပြန်ပေါ်နေတာကို Fix ပေးထားပါတယ်
- VPN ချိတ်ထားရင် CarPlay သုံးမရတာကို Fix ပေးထားပါတယ်




Friday, October 21, 2022

iOS 16.1 Update မှာ ဘယ်လို Feature အသစ်တွေပါလာမလဲ...?

 အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထွက်လာမယ့် iOS 16.1 Update မှာ ဘယ်လို Feature အသစ်တွေပါလာမလဲ...?

============================
Apple ဟာ iOS 16 ကို မိတ်ဆက်ထားတာ အချိန်ရက်သတ္တပါတ်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ iOS 16 ဟာ အဓိကအနေနဲ့ Lock Screen Feature လိုမျိုး လူကြိုက်များတဲ့ Feature အသစ်တွေအပြင် တခြားသော Feature အသစ်တွေအများအပြားပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့သော Feature လေးတွေကတော့ iOS 16 နဲ့အတူ မထွက်လာဘဲ နောက်ပိုင်းမှ ရရှိလာမှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ Apple ကနေ iOS 16.1 Update ကို လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ တရားဝင်ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ iOS 16.1 Update မှာ iPhone သုံးတဲ့သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ Feature တွေအများအပြားပါဝင်လာဦးမှာဆိုတော့ ဘယ်လို Feature အသစ်တွေပါဝင်လာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်...။
Live Activities
------------
iOS 16.1 မှာ အဓိကပါဝင်လာမှာကတော့ Live Activities Feature ကို စတင်ပြီး Support ပေးလာတာပဲဖြစ်ပါတယ်။ ဒါကြောင့် Application တွေအနေနဲ့ Notification Update တွေကို Lock Screen မှာ အချိန်နဲ့တပြေးညီ Update ဖော်ပြပေးနိုင်မှာပါ။ ဒါက Grab ဌားတာမျိုး၊ Foodpanda မှာတာမျိုးတွေမှာ ကိုယ့်ဆီကို ဘယ်အချိန်ရောက်လာမလဲဆိုတာကို App အတွင်း ဝင်ရောက်စရာမလိုဘဲ တန်းကြည့်နိုင်တော့မှာဖြစ်ပါတယ်။
Battery Percentage Update
------------
လက်ရှိအချိန်မှာ Apple ကနေ Battery Percentage ကို Face ID ပါဝင်တဲ့ iPhone အများအပြားမှာ အသုံးပြုနိုင်ပေမယ့် တချို့သော iPhone တွေမှာတော့ အသုံးပြုနိုင်ခြင်းမရှိတော့ပါဘူး။ အခု iOS 16.1 မှာတော့ ယခင်တုန်းက မရရှိခဲ့တဲ့ IPhone XR ၊ iPhone 12 mini နဲ့ iPhone 13 mini ဖုန်းတွေမှာ Battery Percentage ကို မြင်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေဝေဖန်ခဲ့ကြတဲ့ Battery Percentage အလိုက် Battery Icon ကိုပါ ပြောင်းလဲပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။
Apple Fitness+ with iPhone
------------
iOS 16.1 မှစတင်ပြီး Apple iPhone အသုံးပြုသူတွေအနေနဲ့ Apple Watch ရှိစရာမလိုအပ်တော့ဘဲ Apple Fitness+ ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော Fitness လေ့ကျင့်ခန်းတွေမှာတော့ Apple Watch ကို လိုအပ်မှာဖြစ်ပါတယ်။
Clean Energy Charging
------------
iOS 16.1 မှစတင်ပြီး Apple ဟာ iPhone တွေကို အားသွင်းတဲ့အချိန်မှာ Clean Energy Charging ကိုထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။ ဒါဟာ တကယ်လို့ ကိုယ်က ပတ်ဝန်းကျင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနည်းပါးတဲ့ လျှပ်စစ်ကို အသုံးပြုနေတယ်ဆိုရင် ပြောင်းလဲ အားသွင်းပေးနိုင်စေမှာပါ။
Pre-load In-app Content
------------
iOS 16.1 မှာ အသစ်ပါဝင်လာတဲ့နောက်ထပ် အသုံးဝင်တဲ့ Feature ကတော့ Pre-load In-App Content ပဲဖြစ်ပါတယ်။ ဒီ Feature က ကိုယ်ယခင်တုန်းက အသုံးပြုခဲ့ဖူးတဲ့ App ကို ဖျက်မိပြီး ပြန်လည် Download ပြုလုပ်တဲ့အချိန်မှာ ယခင်တုန်းက Data တွေကို အစက ပြန်ပြီး ဝင်ရောက်ဖို့မလိုအပ်လဲ Restore ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
အခုလိုမျိုး Feature အသစ်တွေအပြင် iOS 16.1 ဟာ လက်ရှိ iOS 16 အသုံးပြုသူတွေ ကြုံတွေ့နေရတဲ့ Error တွေ၊ Bug တွေကိုလည်း ပြင်ဆင်ထားမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့ကြရင် Update ပြုလုပ်ဖို့ အခုထဲက ပြင်ဆင်ထားနိုင်ပါပြီနော်...။


Wednesday, October 12, 2022

iOS 16 မှာ အသုံးပြုသင့်တဲ့ အကောင်းဆုံး Feature (5) ခု

 iOS 16 မှာ အသုံးပြုသင့်တဲ့ အကောင်းဆုံး Feature (5) ခု

iOS 16 က ထွက်ထားတာလည်း ကြာပြီဖြစ်တဲ့အပြင် Bugs တွေလည်း မရှိသလောက်နည်းနေပြီဖြစ်လို့ Feature တွေကို စိတ်ချလက်ချအသုံးပြုနိုင်ပါပြီ။
ဒါ့ကြောင့် iOS 16 မှာ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုသင့်တဲ့ Feature (5) ခုအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
1. Hidden Album and Recently Deleted Lock
iOS 16 ရဲ့အရမ်းမိုက်တဲ့ Feature လို့ပြောရမယ့် ကိုယ့်ရဲ့ ဖွက်ထားတဲ့ ဓာတ်ပုံလေးတွေရယ် Recent ထဲ ရောက်နေတဲ့ ပုံလေးတွေကို Lock လုပ်နိုင်တဲ့ Feature ကိုလည်း စမ်းသုံးသင့်ပါတယ်နော်။
2. Wifi Password
iOS 16 မှာ ချိတ်ထားဖူးတဲ့ Wifi Password တွေကို ပြန်ကြည့်လို့ရနိုင်တာကလည်း အရမ်းကို အသုံးဝင်လို့ စမ်းကြည့်ကြည့်သင့်ပါတယ်။
3. Message လေးတွေကို Edit လုပ်နိုင်မယ့် Feature
iMessage အသုံးပြုသူတွေအနေနဲ့ မှားပို့မိတဲ့ Message လေးတွေကို ပြန် Edit လုပ်လို့ရနိုင်တဲ့ Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ ပို့ထားတဲ့ စာလေးကို ဖိထားပြီး Edit ပြန်လုပ်နိုင်ပါတယ်။
4. Video ထဲက စာတွေကို ယူနိုင်မယ့် Live Text
iOS 16 မှာ Video ထဲကပါလာတဲ့ စာတွေကိုပါ ယူနိုင်ပြီဖြစ်လို့ ကိုယ်ကြည့်နေတဲ့ Video ထဲမှာ မှတ်စရာလေးပါလာရင် Video ကိုရပ်ထားပြီး စာလေးတွေကိုမှတ်ထားလို့ရနိုင်ပါတယ်။
5. Lock Screen and Wallpaper
Lock Screen Feature တွေကတော့ iOS 16 မှာ အရမ်းရေပန်းစားတဲ့ Feature တစ်ခုဖြစ်တဲ့အပြင် Depth Effect, Emoji Wallpaper, Focus Mode စတာတွေနဲ့ ပေါင်းစပ် ဖန်တီးလို့ရနိုင်ပါသေးတယ်။
ဒီ Feature တွေကတော့ iOS 16 မှာ ပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံး Feature တွေပဲဖြစ်လို့ မစမ်းကြည့်ရသေးရင် အခုပဲ စမ်းကြည့်ကြည့်ဖို့ အကြံပေးလိုက်ပါရစေ။


Monday, October 3, 2022

PARTS AND SERVICE HISTORY

 

iOS 15.2 နဲ့အထက် iPhone တစ်လုံးမှာ
ဘယ်အစိတ်အပိုင်းတွေ လဲထားလဲဆိုတာကို
Settings ထဲမှာပဲ အလွယ်တကူ စစ်လို့ရနေပြီနော်

အဲ့ဒီ iPhone လေးရဲ့ Settings > General > About ထဲကို ဝင်လိုက်တဲ့အခါ
Serial Number ရဲ့ အောက်နားမှာ

PARTS AND SERVICE HISTORY … ဆိုတာလေး ပေါ်နေရင်
အဲ့ဒီ iPhone လေးက အစိတ်အပိုင်းတခုခု လဲထားတာပဲ ဖြစ်ပါတယ်

နောက်ပြီး အဲ့ဒီ လဲထားတဲ့ Battery, Display နဲ့ Camera တခုခုက
Apple အသိအမှတ်ပြု အစိတ်အပိုင်း ဟုတ်မဟုတ်ဆိုတာကိုလည်း စစ်လို့ရပါသေးတယ်

စစ်လို့ရနိုင်တဲ့ iPhone Model လေးတွေကတော့…

🔷 Battery Replacement History
14 Series, 13 Series, 12 Series, 11 Series, X Series, SE2 & SE3

🔷 Display Replacement History
14 Series, 13 Series, 12 Series, 11 Series, SE2 & SE3

🔷 Camera Replacement History
14 Series, 13 Series & 12 Series တွေပဲ ဖြစ်ပါတယ်

လဲထားတဲ့ အစိတ်အပိုင်းက…

Apple အသိအမှတ်ပြု ဖြစ်မယ်ဆိုရင်တော့
PARTS AND SERVICE HISTORY ရဲ့ဘေးမှာ
✅ Genuine Apple Part လို့ပေါ်နေမှာ ဖြစ်ပြီး

Apple အသိအမှတ်ပြု မဟုတ်တာ၊ တခြား iPhone မှာ သုံးထားဖူးတာနဲ့
သင့် iPhone Model အတွက်မဟုတ်တဲ့ အစိတ်အပိုင်းဖြစ်နေမယ်ဆိုရင်တော့
PARTS AND SERVICE HISTORY ရဲ့ ဘေးမှာ
⚠️ Unknown Part လို့ ပေါ်နေမှာပဲ ဖြစ်ပါတယ်

အကယ်၍ အဲ့ဒီ iPhone ရဲ့ အစိတ်အပိုင်းတခုကို တကြိမ်ထက်ပိုပြီး လဲထားတယ်ဆိုရင်လည်း
နောက်ဆုံးလဲထားတဲ့ မှတ်တမ်းကိုပဲ ပြသပေးနေမှာဖြစ်ပါတယ်

နောက်ပြီး iPhone တစ်လုံးကို အစိတ်အပိုင်းတခုခုလဲရင်း
Logic Board ပါလဲလိုက်ရပြီဆိုရင်
အဲ့ဒီ iPhone ရဲ့ Region နဲ့ Serial Number တွေ
ပြောင်းသွားတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်